LoThone website is still in development.

How to connect to Lothone SSTP server

Introduction

Window OS ဗားရှင်း ၇ နှင့်အထက် အသုံးပြုနေသူများအတွက် ဤဆာဗာကို ချိတ်ဆက်နိုင်ရန် အောက်ပါအတိုင်း ဆက်လက်လုပ်ဆောင်ပါ။
အောက်ပါ လမ်းညွှန်ချက်များတွင် Windows 10 ကို အသုံးပြုထားပါသည်။

Instructions

အဆင့် ၁

Windows key ကို နှိပ်ပါ သိုမဟုတ် search bar သို သွားပါ။


အဆင့် ၂

"VPN" ဟု ရိုက်ထည့်ပါ

VPN ဆက်တင်များကို ရှာဖွေနေသည်

အဆင့် ၃

"Add a VPN connection" ကို ရွေးချယ်ပါ

‘VPN ချိတ်ဆက်မှု ထည့်သွင်းရန်’ ရွေးချယ်ခြင်း

အဆင့် ၄

ပေါ်လာသည့် setting page တွင် "Add a VPN connection" ကို ထပ်မံရွေးချယ်ပါ။

ဆက်တင်များတွင် ‘VPN ချိတ်ဆက်မှု ထည့်သွင်းရန်’ ရွေးချယ်ခြင်း

အဆင့် ၅

VPN အချက်အလက်များ ထည့်ပါ

ဥပမာ - ဤဆာဗာနှင့် ချိတ်ဆက်ရန်အတွက်:

VPN providerWindows(built-in)
Connection name"Your name of choice"
Server name or address"Your server"
VPN TypeSecure socket tunneling protocol(SSTP)
Type of sign-in infoUsername and password
Username"Your username"
Password"Your password"

ထိုနောက် VPN ချိတ်ဆက်မှုကို save ပါ။ ဆာဗာလိပ်စာတွင် "https://" အား မထည့်ရဘဲ domain နာမည်အပြည့်အစုံ နှင့် port နံပါတ်သာ အသုံးပြုပါ။ အောက်ပါ ပုံတွင် ဥပမာအနေဖြင့် ဖြည့်စွက်ပြထား‌သည် ကို တွေ့မြင်နိုင်ပါသည်

ပြည့်စုံသော VPN ဆက်တင် ဥပမာ

အဆင့် ၆

Windows taskbar တွင် network settings သို့ သွားပါ။

Windows task bar တွင် network settings ရှာဖွေနေသည်

အဆင့် ၇

သင့်ချိတ်ဆက်မှုအမည် ကိုနှိပ်ပြီး "Connect" ကို နှိပ်ပါ

ချိတ်ဆက်ထားသော VPN ချိတ်ဆက်မှုကို ချိတ်ဆက်ခြင်း

How to disconnect SSTP VPN connection

VPN connection ဖြုတ်ရန် သင့်ချိတ်ဆက်မှုအမည် ကို နှိပ်ပြီး "Disconnect" ကို နှိပ်ပါ

ချိတ်ဆက်ထားသော VPN ချိတ်ဆက်မှုကို ဖြုတ်ခြင်း